arakan tawagu movie


VideoPlaylist
I made this video playlist at myflashfetish.com

အာရှနီဝန်း(အသျှင်ဦးဥတ္တမ)

မင်းနဲံ့အဝီး(စစ်နိုင်)

ရခိုင့်သီတင်းကျွတ်ပွဲတော်(စစ်တွေ)

ရခိုင့်သီတင်းကျွတ်ပွဲတော်

နေကြပ်ပုံ

ရခိုင်သင်္ကြန်သံချပ်


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉

13/4/2009 ရက်နေ့သင်္ကြန်


Showing posts with label စစ်တွေတွင် ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းစီးနှင်းခံရ. Show all posts
Showing posts with label စစ်တွေတွင် ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းစီးနှင်းခံရ. Show all posts

Sunday, August 10, 2008

စစ်တွေတွင် ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းစီးနှင်းခံရ


စစ်တွေမြို့မှ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းကို သောကြာနေ့ ညဉ့်က ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်စီးနင်း ရှာဖွေခဲ့ကြောင်း သတင်းရရှိသည်။
ဝင်ရောက် စီးနှင်း ရှာဖွေခံခဲ့ရသော ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းမှာ စစ်တွေ ဘောက်သီးစုရပ်ကွက်ရှိ ဆည်ကြီး ကျောင်းတိုက်နှင့် တရားသီးစုရပ်ကွက်ရှိ ခြင်္သေ့နှစ်ကောင် ကျောင်းတိုက်တို့ ဖြစ်သည်။
အဆိုပါ စီးနှင်းမှုကို စစ်တွေ အမှတ် ၂ ရဲစခန်းမှ ရဲစခန်းမှူး ကိုယ်တိုင် ဦးစီးလုပ်ကိုင်ခဲ့ပြီး သူနှင့်အတူ တရားသီးစု ရယက ဥက္ကဌလည်း ပါဝင်သည်ဟု သိရှိရသည်။
ညနေ ၁၀ နာရီမှ စတင်ပြီး ညဉ့်လုံးပေါက် ရှာဖွေခဲ့ပြီး ၂ နာရီနီးပါးခန့် ကျောင်းတိုက် နှစ်ခုစလုံးကို ရစရာမရှိအောင် မွှေနှောက်သွားခဲ့သည်ဟု သိရှိရသည်။
အဆိုပါ မွှေနှောက်မှုမှာ သောကြာနေ့ နံနက်က စစ်တွေတွင် ရဟန်းတော်များ ဆန္ဒပြရန် စီစဉ်မှုနှင့် ဆက်နွယ်ပတ်သက်နေကြောင်း သိရှိရသည်။
ယခုအခါ အဆိုပါ ဆန္ဒပြရန်စီစဉ်သူ ရဟန်းတော် ခေါင်းဆောင်များကို ရဲအဖွဲ့က အပူတပြင်း လိုက်လံရှာဖွေနေသည်ဟု သတင်း ရရှိသည်။