arakan tawagu movie


VideoPlaylist
I made this video playlist at myflashfetish.com

အာရှနီဝန်း(အသျှင်ဦးဥတ္တမ)

မင်းနဲံ့အဝီး(စစ်နိုင်)

ရခိုင့်သီတင်းကျွတ်ပွဲတော်(စစ်တွေ)

ရခိုင့်သီတင်းကျွတ်ပွဲတော်

နေကြပ်ပုံ

ရခိုင်သင်္ကြန်သံချပ်


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉

13/4/2009 ရက်နေ့သင်္ကြန်


Showing posts with label သိမှတ်စရာ. Show all posts
Showing posts with label သိမှတ်စရာ. Show all posts

Friday, July 25, 2008

သိမှတ်စရာ


အမျိုးသမီးများ ပိုတက်ဆီယမ် အများအပြား ပါဝင်သော အစားအစာစားခြင်းဖြင့်သားယောက်ျားလေးမွေးနိုင်

ငှက်ပျောသီး အပါအ၀င် ပိုတက် ဆီယမ် အများအပြား ပါဝင်သော အစာများကို မြိန်ယှက်စွာ စားသုံး ခြင်းဖြင့် အထူးသဖြင့် နံနက် စောစော တွင် ထည့်သွင်း စားခြင်းဖြင့် အမျိုးသမီး များ သား ယောက်ျားလေး မွေးဖွား ရရှိနိုင် သည်ဟု သိရှိ ရသသည်။ သုတေသန ရလာဒ် အရ အဖို သန္ဓေသား သည် သကြား ပမာဏ နည်းပါး မှုကို မနှစ်သက် ကြောင်း ၊ အစားအစာ စားသောက် မှုကို ရှောင်ဖယ် ခြင်းဖြင့် သွေးတွင် သကြား ပမာဏ လျော့ပါးနိုင် ကြောင်း သိရှိ ရသည်။ လေ့လာမှုတွင် ယူနိုက်တက် ကင်းဒမ်းမှ သား သို့မဟုတ် သမီး မွေးဖွား မည်ကို မသိသေး သော ပထမ ဆုံး အကြိမ် ကိုယ်ဝန်ဆောင် သည့် အမျိုးသမီး ၇၀၀ တို့အား ကိုယ်ဝန် မဆောင်မီ မှ စ၍ သူမ၏ အစား အစာ စားသောက်မှု အလေ့ အကျင့် များကို မေးမြန်း ခဲ့သည်။ ကိုယ်ဝန် မဆောင်မီ ကယ်လိုရီ အများအပြား ပါဝင်သော အစာ စားသောက်မှု များသူများ သည် သား ယောက်ျား လေး မွေးဖွားမှု ၅၆% ရှိပြီး ကယ်လိုရီ အနည်းငယ် သာ စားသောက် သည့် အမျိုးသမီး များသည် သား ယောက်ျားလေး မွေးဖွား မှု ၄၅% ရှိသည်။ ရက်သတ္တ တစ်ပတ် တွင် ကောက်ပဲ သီးနှံ အစေ့ အဆန်ကို တကြီမ် ထက်ပို စားသည့် အမျိုးသမီး များသည် သား ယောက်ျားလေးမွေးဖွား မှု ၈၇% ပိုများသည်။ လေ့လာမှု အရ ဗြိတိန် တွင် မနက် စောစော တွင် ကောက်ပဲ သီးနှံ အစေ့ အဆန် ပါဝင်ပြီး အနည်းငယ် သာစား သူကို အနက် စောစော မစားသောက်ဘဲ ရှောင်ဖယ် သူဟု သတ်မှတ် ကြောင်း Mathenws က ပြောကြား သည်။ နေ့စဉ် ပျမ်းမျှ ပိုတက် စီယမ် ၃၀၀ မီလီဂရမ် ပိုစားသောက် သူတွင် သား ယောက်ျားလေး မွေးဖွား ရရှိ ကြောင်း ကို ရှေး အမျိုးသမီး များ ပြောသည့် " ငှက်ပျောသီး စားလျှင် သားယောက်ျား မွေးဖွား မည် " ဆိုသည် မှာ မှန်ကန် ကြောင်း သုတေသီ များက ပြောကြားသည်။

အစားအသောက်နှင့်ကျန်းမာရေး

ကျန်းမာရေး နှင့် အာဟာရ သုတေသီ က သားကြီး၊ ငါးကြီး၊ အစားကောင်း အသောက်ကောင်း နေ့စဉ် ရက်ဆက် များများ စားသောက် မှီဝဲလျှင် ကျန်းမာရေး နှင့် ညီညွတ်ခြင်း မရှိ ဟုဆိုသည်။ သားကြီး၊ ငါးကြီး၊ အစားကောင်း အသောက်ကောင်း စားသောက် မှီဝဲခြင်းမှ လျှော့ပေါ့ ပြီး ဟင်းသီး ဟင်းရွက် သစ်သီးဝလံ များ များများ စားသုံး သင့်သည့် အပြင် ကိုယ်ခန္ဓာ အတွင်းရှိ ကယ်လိုရီ လျော့နည်းရန် အလို့ငှာ အားကစား လှုပ်ရှားမှု တခုခု မှန်မှန် လုပ်ပေးရ ပါမည်။ အ၀စား သောက် ပြီးလျှင် အိပ်မနေဘဲ လမ်းလျှောက်ခြင်း၊ စက်ဘီး စီးခြင်း ပြုလုပ်ပေး နိုင်ပါသည်။ သို့မဟုတ် ပါက ပိုလျှံသော ကယ်လိုရီ များကြောင့် ကျန်းမာရေး ထိခိုက်လာ တတ်သည် ကို သတိ ပြုသင့်ကြောင်း ကျန်းမာရေး သုတေသီ က ဆိုပါသည်။

ကေဖင်းနဲ့လေ့ကျင့်ခန်းဟာအရေပြားကင်ဆာကိုကာကွယ်နိုင်

စမ်းသပ်ခံ ကြွက်တွေ အပေါ်၌ လေ့လာ သုတေ သန ပြုချက်တွေ အရ ကာယ လေ့ကျင့်ခန်း နှင့် ကေဖင်း စားသုံးမှု ကို အတူ ပူးတွဲ ပြုလုပ် ပါက နေရာင်ခြည် ခရမ်းလွန် ရောင်ခြည် B ရောင်ခြည် သင့်မှုကြောင့် ပျက်ဆီး သွားသော အရေပြား ကလပ်စည်း တွေရှိ ဒီအင်အေ များကြောင့် ဖြစ်တတ်သော အရေပြား ကင်ဆာ အကြို အဆင့် ကလပ်စည်း များကို ဖျက်ဆီး ပစ်နိုင် ကြောင်း တွေ့ရှိ ခဲ့ရပါတယ်။ အခုလို တွေ့ရှိ ချက်ဟာ အရေပြား ကင်ဆာ ရောဂါ ကာကွယ်ရေး အတွက် လွန်စွာ အရေး ပါတဲ့ တွေ့ရှိချက် ဖြစ်သည့် အပြင် တခြား ကင်ဆာ ရောဂါများ ကာကွယ်ရေး တွင်ပါ အရေးပါ လိမ့်မှာ ဖြစ်ကြောင်း Rutgers ကင်ဆာ သုတေသီ အလန်ကော် နေးလ် က ဆိုပါတယ်။ သူတို့ဟာ အမွှေးမရှိ တဲ့ စမ်းသပ်ခံ ကြွက်အုပ်စု ကို သူတို့ရဲ့ အရေပြား ကလပ်စည်း ရှိ ဒီအင်အေ တွေကို ဖျက်ဆီးဖို့ အတွက် ခရမ်းလွန် ရောင်ခြည် B ထုတ်ပေးသော မီးလုံးတွေ နဲ့ မီးကင် ခဲ့ပါတယ်။ ဒီကြွက် အုပ်စုတွေ ထဲမှာ ကေဖင်း ကို တိုးထည့် ပေးပြီး လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်နေ စေတဲ့ အုပ်စု က ကြွက်တွေ ဟာ အရေပြား ကင်ဆာ မဖြစ်အောင် ခုခံ နိုင်စွမ်း ၁၀၀% တိုးမြင့် နေတာကို တွေ့ရ ပါတယ်။ ဒါပေမဲ့ ဒီသုတေသီ တွေက သူတို့ရဲ့ တွေ့ရှိချက် ရလာဒ် မည်သို့ပင် ရှိစေ ကာမူ လူတွေ အနေနဲ့ ခရမ်းလွန် ရောင်ခြည် ကို ကာကွယ် ပေးသော နေရောင် ခြည်ခံ လိမ်းဆေး Sunscreen တွေကို ကော်ဖီ ပိုသောက် တာနဲ့ မလဲသင့် ကြောင်း၊ ဒါ့အပြင် နေပူထဲ မှာထွက်ပြီး ကော်ဖီ သောက် ကာယ လေ့ကျင့်ခန်း လုပ်မယ်ဆို တဲ့ အတင့်ရဲ မှုကိုလည်း မလုပ်စေ ချင်ကြောင်း သတိပေး ကြပါတယ်။

ဆီးချိုကာကွယ်နိုင်တဲ့ black tea

black tea သောက်တာ ဟာ ဆီးချို ကာကွယ် ရာမှာ အထောက် အကူ ပြုနိုင် တယ်လို့ ဒွန်ဒီး တက္ကသိုလ် ရဲ့ သုတေသန ပြုချက် အသစ်မှာ ဖော်ပြတယ်။ black tea ဟာ အမျိုးအစား (၂) ဆီးချိုကို တိုက်ခိုက် နိုင်တဲ့ အလားအလာ ရှိတယ် လို့ အဲ့ဒီ သုတေသီ တွေက ဆိုပါတယ်။ အဲ့ဒီ လက်ဖက်ရည် မှာ ပါဝင် ပစ္စည်း တချို့က အင်ဆူလင် လို အစွမ်းထက် ဖွယ်ရှိတယ် လို့ ယူဆ ပါတယ်။ စကော့တလန် မှာ လူပေါင်း ၁၉၀၀၀၀ ကျော်ဟာ ခန္ဓာကိုယ် က အင်ဆူလင် အလုံအလောက် အထုတ်လုပ် နိုင်လို့ ဖြစ်တဲ့ ဆီးချို ရောဂါ တွေရှိကြ တယ်လို့ ယူဆရ ပါတယ်။ စကော့တလန် ဒွန်ဒီ တက္ကသိုလ် က ဒေါက်တာ ရရေဟန် ရီနာ ဦးဆောင်တဲ့ အဖွဲ့ က စကော့တလန် သီးနှံ သုတေသန ဌာနနဲ့ ပူးပေါင်းပြီး သုတေသန ပြုရာ theaflavin နဲ့ thearubigin လို့ခေါ်တဲ့ black tea ပါဝင် ပစ္စည်း တော်တော် များများ ဟာ အင်ဆူလင် ကို တုပ နိုင်တယ် ဆိုတာ တွေ့ရှိ ခဲ့ရ ပါတယ်။ နောက်ထပ် သုတေ သန လုပ်ဖို့တော့ လိုသေး တယ်လို့ ဒေါက်တာ ရီနာ ကပြော ပါတယ်။

အိမ်သာဝင်ရင်ဒါတွေမမေ့နဲ့

ဝမ်းသွားပြီး အိမ်သာအိုး ကို ဆွဲချလိုက် တဲ့အခါ ၀မ်းထဲမှာ ပါတဲ့ ရောဂါ ဖြစ်စေတဲ့ ပိုးမွှား တွေဟာ သင်နှင့် အိမ်သာအိုး ၀န်းကျင် မျက်နှာပြင် ပေါ်တွင် ကျလာနိုင်ပါ သတဲ့။ ကံမကောင်း စွာနဲ့ပဲ virus သို့မဟုတ် becteria ပိုးပါတဲ့ မသန့်တဲ့ လက်နဲ့ စားမိပြန်တော့ ၀မ်းပျက် ၀မ်းလျှော ဖျား အန်တာတွေ ဖြစ်တတ်တယ်။ အကောင်းဆုံး ကာကွယ်ဖို့ ခုခံဖို့ ကတော့ မစင် စွန့်ပြီးရင် အိမ်သာ ထိုင်ခုံ အိုးကို အဖုံး ဖုံးပြီးမှ ရေဆွဲ ချလိုက်ပါ။ ဒါမှ ပိုးတွေ ရေအားနဲ့ သန့်ရှင်း ဖယ်ရှား ပစ်မှာ ဖြစ်တယ်။ ပြီးရင် လက်ကို ဆပ်ပြာနဲ့ သေချာ သန့်ရှင်း အောင် ဆေးကြောပါ။

နို့သောက်ခြင်းဟာ ဆယ်ကျော်သက်အရွယ်တွေမှာ ၀က်ခြံပေါက်စေနိုင်

ချော့ကလက်နဲ့ ဆီကြော်မုန့် တွေလို အစားအစာ တွေဟာ ၀က်ခြံမထွက် စေပေမဲ့ နို့နဲ့နို့ထွက် ပစ္စည်းတွေ စားတာ များရင်တော့ ဆယ်ကျော်သက် အရွယ်တွေကို ၀က်ခြံ ထွက်စေ တယ်လို့ ကျွမ်းကျင်သူ တချို့က ဆိုပါတယ်။ နို့ထဲမှာ ပါဝင်တဲ့ ဟိုမုန်းဓါတ်ဟာ အရေပြား က အဆီ ဂလင်းတွေကို လှုံ့ဆော်ပေး တာကြောင့်လို့ သိရပါတယ်။ ဒါပေမဲ့ နို့နဲ့နို့ထွက် ပစ္စည်းတွေ ကိုစားသုံး ပေးရင် ဆယ်ကျော်သက် အရွယ်တွေ အရိုးအဆစ် သန်မာ ဖွံဖြိုးစေတဲ့ အတွက် ၀က်ခြံပေါက်မှာ စိုးလို့တော့ မရှာင်ရှား သင့်ပါဘူးလို့ ကျွမ်းကျင်သူ တွေက ထပ်လောင်း ပြောဆို ခဲ့ပါတယ်။

သိမှတ်စရာ

ငါးဆိုရင်

OMEGA 3 ပါတဲ့ ငါးကို စားပါ ။ ငါးဆိုတိုင်း ဘေးကင်းတယ် လို့ပြောလို့ မရပါဘူး။ မာကျူရီ ခေါ် ပြဒါးဓာတ် ပါတဲ့ ငါးကိုတော့ ရှောင်ရမှာပါ။ ပြဒါးဓါတ် ပါတဲ့
ငါးကိုစားတာများရင် နှလုံး ရောဂါ ကာကွယ်ရာ မရောက်ဘဲ ရောဂါ ဖြစ်စေဖို့ ပိုအားပေးသလို ဖြစ်တတ် ပါတယ်။

စားသင့် မစားသင့် တာတွေက

ဆော်လမွန်၊ ပုဇွန်ဆိတ် နဲ့ တီလား ဗီးယား ငါးတို့ကို တပတ်မှာ လေးအောင်စ လောက်စား သင့်ပါတယ်။ တခါတရံ တော့ ပုဇွန် ဂဏန်းကို တပတ်မှာ
လေးအောင် စလောက် စားလို့ရ ပါတယ်။

ရှောင်ရမှာ ကတော့

ငါးသလောက် ငါးမန်းတို့ ဖြစ်ပါတယ်။

ဗီတာမင်ဒီ သည် ရင်သား ကင်ဆာ ထိန်းချုပ်ရေး ကို အကူအညီပေး

လေ့လာချက် တစ်ရပ်အရ ဗီတာမင် ဒီ ပမာဏ နည်းပါးစွာ ရှိနေသော ရင်သားကင်ဆာ ဝေဒနာရှင် များသည် သေဖို့ ပိုမိုနည်းစပ် ကြောင်းနှင့် ဗီတာမင်ဒီ လုံလောက်စွာ ရရှိထားသော ဝေဒနာရှင် များထက် မရရှိသော ဝေဒနာရှင် များသည် ကင်ဆာရောဂါ ပိုမို ပြန့်ပွားနိုင်ကြောင်း တွေ့ရှိချက်ကို အခြေပြု၍ ဖော်ထုတ် ခဲ့ကြသည်။ သက်သေခံ တွေ့ရှိချက်များ ကို ထည့်သွင်း ဖော်ပြရလျှင် နေရောင်ခြည် ဗီတာမင်သည် ကင်ဆာ ရောဂါကို တိုက်ဖျက် နိုင်သည့် အကျိုး ကျေးဇူးရှိကြောင်း သိရသည်။ သိပ္ပံပညာရှင် များသည် ပထမဆုံး အကြိမ် ထို လေ့လာမှု တွင် ပါဝင်သော အမျိုးသမီး ၂၄ ရာခိုင်နှုန်း ၏ ရင်သားကင်ဆာ ရောဂါ ဝေဒနာရှင် များသည် ကင်ဆာရောဂါ ပျံ့နှံ့ရန် အလားအလာ မှာ လာမည့် ၁၀ နှစ်အတွင်း နှစ်ကြိမ်ပိုမို နီးစပ်ပြီး ၇၃ ရာခိုင်နှုန်း သော ဝေဒနာရှင် များမှာ ထိုရောဂါဖြင့် သေရန် ပိုမိုနီး စပ်ကြောင်း တွေ့ရှိခဲ့ ကြသည်။ တိုရန်တိုရှိ မောင့်ဆီနိုင်း ဆေးရုံမှ ဒေါက်တာ ပါမီလာ ဂေါ်ဒွင်က ထိုတွေ့ရှိချက် များအရ အတော်လေး ကြီးကြီးမားမား ကွာခြားချက် တွေ ရှိနေကြောင်း ၊ ယင်းသည် ပထမဆုံး အကြိမ် ဗီတာမင်ဒီ နှင့် စပ်လျဉ်း၍ ရင်သားကင်ဆာ အလား အလာနှင့် ဆက်စပ်မှု ရှိကြောင်း တွေ့ရှိခဲ့ သည်ဟု ပြောကြား ခဲ့သည်။

အကြောက် လွန်ခြင်း နှင့် နှလုံးရောဂါ ဆက်စပ်နေ

နာကျင်မှု စိုးရိမ်ပင် ပန်မှု၊ အသက် မြန်မြန် ရှူခြင်းနှင့် ကြောက်လွယ်ခြင်း တို့သည် အလွန်အမင်း ကြောက်ရွံ့ တတ်သော ရောဂါ ၏် လက္ခဏာ များဖြစ်ပြီး နှလုံး ကိုလည်း ပျက်ဆီး မှု ဖြစ်စေ သည်။ အမျိုးသမီး များတွင် လေ့လာမှု အသစ် အရ သွေးမဆုံး ခင် ၆ လခန့် အလိုတွင် အလွန် ကြောက်တတ် ခဲ့သော သူတို့သည် နောင် ၅ နှစ်တွင် နှလုံးရောဂါ ကို ခံစားရန် အခွင့်အလန်း ၄ ဆ ပိုများသည်။ ကြောက်ရွံ့ ခြင်းကြောင့် နှလုံးခုန် စည်းချက် ပြောင်းလဲ လာမှုသည် နှလုံးကို အန္တရာယ် ဖြစ်စေနိုင် သကဲ့သို့ ယင်းကြောက် တတ်သည့် စိတ်မှာ နှလုံးရောဂါ ၏ မမြင်သာ သေးသည့် လက္ခဏာ အစလည်း ဖြစ်နိုင်သည်။ စိတ်ဖိစည်း မှုသည် နှလုံးရောဂါ နှင့် တစိတ်တပိုင်း ဆက်စပ်နေသည်။

စိတ်ဖိစီးမှု ကြောင့်ဖြစ်ပေါ်လာသောခေါင်းကိုက်ခြင်းကိုသက်သာရန်

- အိပ်စက်ချိန် အပြည့်အ၀ ထားရှိပါ။
- ကြွက်သား များကို သက်သောင့် သက်သာ ပြေလျော့ နိုင်သော နည်းလမ်းများ ကိုသင်ယူ ထားပါ။
- အရက်ကို တော်သင့်ရုံ သာသောက်ပါ။ ဖြစ်နိုင်မည် ဆိုလျှင် လုံးဝ မသောက်မိ စေရန် သတိထား သင့်သည် ။
- Caffeine အလွန်အကျွံ သောက်သုံးခြင်း ကိုလည်း ရှောင်နိုင်ရန် ကြိုးစားပါ။
- ခေါင်းကိုက် သက်သာစေ ရန် ပညာရှင် တို့ညွှန်ကြား ထားသည့် အတိုင်း ဆေးကို သောက်ပါ။
- ကုပ်ပေါ်တွင် အ၀တ်စို ခပ်နွေးနွေး လေး တင်ထားပေး ခြင်းသော် လည်း ခေါင်းကိုက်ခြင်း ကို သက်သာ စေပါသည်။
- ရေချိုးပြီး သည့်နောက် ကုပ်၊ နားထင်၊ နဖူးတို့ကို မိမိ ဘာသာ နှိပ်နယ် ပေးခြင်း ကလည်း သင့်ကို ကူညီ နိုင်သည်။
- ပုံမှန် ကိုယ်လက် လှုပ်ရှား မှုရှိနေ ခြင်းသည် ကြွက်သား များတောင့်တင်း နေမှု နှင့် စိတ်ဖိစီး မှုတို့ကို လျှော့ချ နိုင်သောကြောင့် လေ့ကျင့်ခန်း မှန်မှန်
လုပ်ပါ။
- လည်ပင်း ရှိကြွက်သား တို့ကို နှိပ်ပေးပါ။
- ကိုယ်နေ ဟန်ထား မှန်မမှန် စစ်ဆေးပါ။
- စိတ်ဖိစီး မှုဖြစ်ရ သော ဇစ်မြစ်ကို ခွဲခြမ်း စိတ်ဖြာ ကြည့်လိုက်ပါ။ ဆရာဝန် နှင့် ပြ၍ တိုင်ပ် ပြသ သင့်သော အခြား လက္ခဏာ များမှာ
- ခေါင်းကိုက် ခြင်းနဲ့ အတူ ဖျားနာ ခြင်း၊ လည်ပင်း များတောင့်တင်း ၍လာခြင်း ။
- စကားမပီ မသ ဗလုံး ဗထွေး ပြောပြီး ခြေလက်များ ညောင်းညာ အားနည်းခြင်း ။
- အမြင် အာရုံ နှင့် ပတ်သက် သည့် လက္ခဏာ များပူးတွဲ ပါရှိ လာခြင်း။
- ခေါင်းကိုက် သည့် အကြိမ် အရေ အတွက် များလာပြီး ပို၍ ဆိုးလာခြင်း ။

ဖရဲသီးအကြောင်းသိမှတ်ဖွယ် ၅ ခု

၁။ ဖရဲသီးဟာ သစ်သီး မဟုတ်ပါဘူး ။ ဟင်းသီးဟင်းရွက်တမျိုးဖြစ်ပြီး သခွါးသီ: ဖရုံသီးနဲ့
ရုက္ခ ဗေဒမျိုးစေ့ သူပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝဝဝ ကတည်းက အီဂျစ်မှာ စတင်စိုက် ပျိုးခဲ့ပြီး အခုအခါမှာ တိုင်းပြည်ပေါင်း ၁ဝဝ မှာ စိုက်ပျိုး လျက်ရှိပါသည် ။
၂။ အမျိုးအစားပေါင်း ၅ဝ ကျော် ရှိပါတယ် ။ များသော အားဖြင့် အနီ ရောင်ဖြစ်ပြီး အဝါရောင် ၊ လိမ္မော်ရောင် အမျိုးအစားတွေလည်း ရှိပါတယ် ။
၃။ ဖရဲသီးမှာ ဗီတာမင် A,b & B6 များစွာ ပါဝင်ပါတယ်။ ပိုတက်ဆီယမ်လည်းများ စွာပါဝင်ပြီး ဆိုဒီယမ်ပါဝင်မှု အလွန်နည်းပါတယ်။အမျှင်ဓါတ် ပါဝင်ပြီး အဆီဓါတ် လုံးဝ မပါဝင်ပါ ။
၎။ ရေ ငတ်ပြေရာမှာ နာမည်ကြီးပါတယ် ။ ရေ ၉၂ % နဲ့သကြား ၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။
၅။ ဖရဲသီးရဲ့ အစိတ်အပိုင်း အားလုံးကို စားလို့ရပါတယ် ။ အစေ့ကို ကွာစိ လှော် အနေနဲ့ စားနိုင်ပြီး အခွံကို အချည်တည်ပြီး သနပ်လုပ်စားလို့ရပါတယ် ။

သွေးတိုးကျ စေသည့် သံလွင်ဆီ ( olive oil )

သံလွင်ဆီ သည် သွေးတိုး ကျစေပြီး သွေးထဲရှိ အဆီများကို ချပေးသည်။ WHO စတမ်း အရ ၆၀% သာလေဖြတ် ခြင်းနှင့် ၅၀% သာနှလုံး ရောဂါ များ၏ အဓိက အကြာင်းရင်း မှာ သွေးပေါင် ချိန် မြင့်တက် ခြင်းကြောင့် ဖြစ်သည်။ သံလွင်ဆီ စားသုံးမှု နှုန်းသည် အပေါ်သွေး နှင့် အောက်သွေး နှစ်မျိုး စလုံးကို ကျဆင်းစေ သည်။ ယနေ့ ကမ္ဘာပေါ်တွင် သွေးတိုး ရောဂါ ကြောင့် လူ ၇.၁ သန်း နှစ်စဉ် သေဆုံး လေ့ရှိသည်။ ထိုမျှ ကြောက်စရာ ကောင်းသော သွေးတိုး ရောဂါ ကို ကာကွယ် ရန် နေ့စဉ် ဟင်းလျာ များတွင် olive oil (သံလွင်ဆီ) ကို ထည့်သွင်း အသုံးပြု ခြင်းဖြင့် သွေးတိုး ရောဂါကို ကာကွယ် ဟန့်တား နိုင်မည်ဖြစ်သည်။

စိတ်ထားပြောင်းလဲခြင်းဖြင့် ကိုလက်စထရော ကိုလျှော့ချပါ

စိတ်ကို အေးချမ်းစွာ နေထိုင်တာ ကြောင့် သင့်ရဲ့ သွေးတွင်း ကောင်းတဲ့ အဆီ (HDL Cholesterol) အဆင့်တွေ မြင့်တက် လာနိုင်တယ် လို့ လေ့လာမှု အသစ်တွေ အရ တွေ့ရှိရ ပါတယ်။ Oregon တက္ကသိုလ် မှ သုတေသန ပြုသူတွေ က အမျိုးသား ၇၁၆ ယောက်ကို စမ်းသပ် ရာမှာ စိတ်ဖိစီး မှုများ တဲ့ အခြေ အနေ ကို အေးချမ်းစွာ ဖြေရှင်းသူ တွေဟာ စိတ်တို ပြီး ဒေါသ ထွက်သူတွေ ထက် သွေးတွင်း ကောင်းတဲ့ အဆီ (HDL Cholestrol) အဆင့်တွေ သိသိ သာသာ မြင့်တက် လာတာ ကိုတွေ့ ရပါတယ်။ စိတ်တိုတဲ့ အမျိုးသား တွေမှာ သွေးတွင်း အကောင်းတဲ့ အဆီ (triglyceride) တွေ မြင့်တက် လာတာ ကိုတွေ့ ခဲ့ပါတယ်။ အမျိုးသမီး တွေမှာ လည်း တူညီ တဲ့ အကျိုး သက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စိတ်တို ဒေါသ ထွက်စရာ ရှိရင် အသက် ကိုဖြည်းဖြည်း နဲ့ နက်နက် ရှူသွင်း လိုက်တဲ့ မိမိ ကိုယ်ကို ဒေါသ ထိန်းတဲ့နည်း (self control)
ကို အသုံး ပြုလိုက်ပါ၊

သိမှတ်စရာ

သန္ဓေတားဆေးများ၏ အန္တရာယ်
သန္ဓေတားဆေး စားသုံးသူ များတွင် သားအိမ် လည်တံ ကင်ဆာ ၂ ဆ ပို ဖြစ်နိုင်ကြောင်း တွေ့ရှိထား ခဲ့ပါတယ်။ သန္ဓေ တားဆေး စားတဲ့ ကာလ ရှည်လေလေ သားအိမ် လည်တံ ကင်ဆာ ဖြစ်မှု ပိုများလေလေ လို့ဆိုပါတယ်။ အထူးသဖြင့် Human Papilloma Virus ပိုးကြောင့် သားအိမ် လည်တံ ကင်ဆာ ဖြစ်သူများ မှာ သန္ဓေတားဆေး ကြောင့် ပို၍ အန္တရာယ် ရှိကြောင်း တွေ့ရှိ ခဲ့ရပါတယ်။

ဟင်းသီးဟင်းရွက် ကျေးဇူး (၈)ချက်

ဟင်းသီး ဟင်းရွက် အသီးအနှံ တနေ့ (၅) ကြိမ် စားလျှင် _
(၁) နာတာရှည် ရောဂါများ ဥပမာ_ နှလုံး သွေးကြောကျဉ်း၊ လေဖြတ်ခြင်း နှင့် ကင်ဆာ ရောဂါ ဖြစ်ပွါးမှု
(၂၀)% ကျစေ၏။ ထိုရောဂါ ကြောင့် သေဆုံး နှုန်းလည်း ကျစေ၏။
(၂) သွေးတိုး ကျစေ၏။
(၃) အတွင်းတိမ် ရောဂါ ဖြစ်ပွားမှု နည်းစေ၏။
(၄) ရင်ကျပ် ပန်းနာ ခံစားရ မှုများ လျော့နည်း စေ၏။
(၅) ခန္ဓာကိုယ် အလေးချိန် မတက်အောင် ကာကွယ် ပေး၏။
(၆) အူလမ်းကြောင်း လုပ်ငန်းများ ပိုကောင်း စေ၏။
(၇) သွားပိုး စားခြင်း ကာကွယ် ပေး၏။ (၈) အဆီ စားသုံး မှုလည်း နည်းစေ၏။

မှတ်ဥာဏ်မထိခိုက်အောင် ဒါတွေကိုရှောင်

(၁) အရက် ။ ။ အရက်သောက်သူများဟာ အနည်းဆုံး (၁၅) နှစ် ကြာသွားရင် မှတ်ဥာဏ်ကို ထိခိုက်လာတာ တွေ့ရပါတယ်။ (၂) ဆေးလိပ် ။ ။ ဆေးလိပ်သောက် တဲ့သူများဟာ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို ရှူရတဲ့ အတွက် မှတ်ဥာဏ် ထိခိုက်စေပါတယ်။ (၃) ကော်ဖီ ။ ။ ကော်ဖီများများ သောက်လျှင် ကဖင်းများက သွေးထဲမှာ ရှိတဲ့ ဗီတာမင် ပမာဏ ကို ကျဆင်းစေပြီး မှတ်ဥာဏ်ချို့ယွင်း လာနိုင်ပါတယ်။ (၄) ဆေးခြောက် ။ ။ ဆေးခြောက် သုံးစွဲလျှင် မှတ်ဥာဏ် ကိုရော ထိန်းချုပ် လှုပ်ရှားမှု ကိုပါ ထိခိုက် စေပါတယ်။ (၅) လက်ကိုင်ဖုန်းအသုံးပြုခြင်း ။ ။ လက်ကိုင်ဖုန်း ကထွက်တဲ့ ဓာတ်ရောင်ခြည် များဟာ လက်ကိုင်ဖုန်း ကိုနားမှာ ကပ်ပြီး စကားပြော နားထောင်သူ များရဲ့ ဦးနှောက်ကို ထိခိုက်စေလို့ မှတ်ဥာဏ် ချို့ယွင်း စေပါတယ်။ (၆) မှတ်ဥာဏ် ထိခိုက် စေသော ဆေးဝါးများ ။ ။ အိပ်ဆေးများ၊ စိတ်ငြိမ် ဆေးများ၊ သွေးတိုး ကျဆေးများ၊ အစာအိမ် အနာ အတွက် သောက်ရတဲ့ ဆေးဝါးများ ကလည်း မှတ်ဥာဏ်ကို ထိခိုက် စေပါတယ်။
အိပ်မပျော်တာ ဘာကြောင့်
အမေရိကန်ပြည်ထောင်စု ဖောင်ဒေးရှင်းတခုမှ အသက် ၅၅ နှစ် နှင့် ၈၄ နှစ်ကြား လူကြီးများ၏ အိပ်မပျော်နိုင်မှုအား ဘာကြောင့်ဖြစ်ရသည်ကို လေ့လာကြည်ခဲ့ရာ ၆၅% မှာ ညဘက်မကြာခဏ ဆီးထသွားရခြင်းကြောင့်လည်းကောင်း၊ ၁၉% မှာ တကိုယ်လုံးနာကျင်ကိုက်ခဲ၍ အနေအထိုင်မသက်မသာဖြစ်ခြင်းကြောင့်လည်းကောင်း၊ ၆% မှာချောင်းဆိုးနေသောကြာင့်လည်းကောင်း၊၆%မှာရင်ခေါင်းပူနာခံစားနေရသောကြာင့်လည်းကောင်း၊ ကျန် ၃%မှာ ခေါင်းကိုက်ဝေဒနာ ခံစားနေရသောကြောင့် လည်းကောင်း ဖြစ်သည်ကို တွေ့ရပါသည်။

ကလေးများနဲ့အင်တာနက်စွဲရောဂါ

အင်တာနက်ကိုစွဲနေတဲ့ ကလေးများကို အကူအညီပေးတဲ့ နွေရာသီ စခန်းသွင်း အဖွဲ့တဖွဲ့၏ ဦးဆောင်သူများ၏အဆိုအရ၊ ကလေးတွေဟာ တနေ့လျှင် ၉ နာရီကြာအောင် အင်တာနက်ကစားနေခြင်းကြောင့်၊ အင်တာနက်စွဲရောဂါများ Internet Addiction Disorders (IDA) လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ ဝေဒနာများ ခံစားနေရကြောင်းပြောပြခဲ့ပါတယ်။ လေ့လာသုတေသနပြုချက်အရ ဒီပြဿနာဟာ လူမှုပတ်ဝန်းကျင် ဆက်ဆံရေး လျော့နည်းလာတယ်။ အစားအသောက်အာဟာရချို့တဲ့လာတယ်။ ကွန်ပျူတာရှေ့မှာထိုင်နေရတော့ လှုပ်ရှားမှုနည်းလာတယ် စတဲ့ပြဿနာများ ၀င်လာတာတွေ့ရပါတယ်။ ဒါကြောင့်ယခုချိန်မှစပြီး ကလေးများကို ကွန်ပျူတာရှေ့ အကြာကြီးမကစားပါစေနဲ့။

သင်သိရဲ့လား

သင် အလုပ်လုပ်နေတဲ့ နေရာဟာ သင့်ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ သိပါရဲ့လား။ လေ့လာမှုအသစ်တခုအရ ကွန်ပျူတာကီးဘုတ်ပေါ်တွင် အိမ်သာကမုတ်ပေါ်မှာထက်ရောပဂါပိုးမွှားပေါင်း အဆ ၄၀၀ မျှပို၍တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အစားစာမယ်ဆိုရင် အစာစားဖို့ သီးသန့်ပြုလုပ်ထားတဲ့ နေရာမှာသာ စနစ်တကျစားပါ။

ကိုယ်အလေးချိန်လျှော့ချင်သူများအတွက် သတင်းကောင်း

ကယ်(လ်)ဆီယမ်ဓာတ် လုံလောက်စွာစားပါက အစားလျှော့စားရန်မလို၊ လေ့ကျင့်ခန်းများများလုပ်ရန်မလိုဘဲ ကိုယ်အလေးချိန်လျှော့ချနိုင်ကြောင်း အမေရိကန်နိုင်ငံမှသုတေသီ တခုက အခိုင်အမာပြောဆိုလိုက်ကြပါတယ် ။ ဆယ်ကျော်သက်မိန်းကလေးများ အားလေ့လာခဲ့ရာ ကိုယ်အလေးချိန်နည်းရန်၊ ခန္ဓာကိုယ်အဆီမထူရန် ကယ်(လ်) ဆီယမ်ဓာတ်ပါသော အစားအစာများ ဥပမာ နို့တခွက် ချိစ် ဒိန်ခဲ ၁ လက်မစာလောက် တနေ့တကြိမ်စားရုံမျှဖြင့်၊ ကိုယ်အလေးချိန်မတက်အောင်ထိန်းထားနိုင်ကြောင်း တွေ့ရှိခံရတယ်လို့ဆိုပါတယ် ။ ယေဘုယျအားဖြင့် လူတိုင်း ကယ်(လ်)ဆီယမ်ပါဝင်သော အစာများစားပါက ၊ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့အစာကို စားဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ် ။

သားဥအိမ်ကင်ဆာနှင့်အစားအစာ

သားဥအိမ်ကင်ဆာမဖြစ်အောင် တပတ်မှာ မုန်လာဥ ၅ ကြိမ်စားပါ။ ခရမ်းချဉ်သီးဆော့ (ငရုတ်ဆီ) တပတ် ၂ကြိမ်နှုန်းစားပေးပါက သားဥအိမ်ကင်ဆာဖြစ်နှုန်းရဲ့ ၅၀% ကျဆင်းစေတယ်လို့ သုတေသနပြုချက်အရ လေ့လာမှတ်သားရပါတယ် ။

မျက်မမြင်ကာကွယ်ဖို့ ဟင်းရွက်စိမ်းစားကြစို့

အသက်ကြီးလာလို့ မျက်စိကွယ်ရတဲ့ရောဂါတမျိုးဖြစ်သော Age Ralated Macular Degenaration (AMD) ရောဂါဟာ မျက်စိအမြင်တဖြည်းဖြည်းနဲ့ ဆုံးရှုံးလာပြီး ကုသလို့မရနိုင်တာများပါတယ် ။
သုတေသနပြုချက်အသစ်များအရ အသက်ကြီးလို့ မျက်စိမှုန်ခြင်းကို ကာကွယ်ရန် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများနှင့်ကာရိုတင်နွိုက် (Carotinoids) ခေါ်ပစ္စည်းများပါသော အစားအစာများကို စားပေးရမယ်လို့သိရပါတယ် ။ ဥပမာ ဗီတာမင်စီ ၊ အီး ၊ ဓာတ်တိုးဆန့်ကျင်စ္စည်း၊ လူတိန်း (Lutein) ပါဝင်သော အစိမ်းရောင်ဟင်းသီးဟင်းရွက်များ ၊ ဇင့် နှင့် ဆယ်လီနီးယမ်း သတ္တုဓါတ်များ နေ့စဉ်ဖြည့်စွက်စားသင့်ပါတယ် ။

ရေနဲ့အစာချေဖျက်ခြင်း

တချို့က ထမင်းစားတုန်း ရေသောက်လျှင် အစာပိုကြေလွယ်တယ်လို့ ထင်တတ်ကြပါတယ်။ အဲ့ဒါမှားပါတယ်။ အစာအိမ်မှာအစာချေဖျက်ဖို့ ရေလိုတာဟာမှန်ပေမဲ့ အဲ့ဒီရေက ခန္ဓာကိုယ်ထဲက သွေးကြောတွေထဲက တဆင့် ရယူတာပဲ ဖြစ်ပါတယ် ။ ပြင်ပမှ ထပ်သောက်လိုက်တဲ့ရေနဲ့ ချေဖျက်တာမဟုတ်ပါဘူး။
သင်သိရဲ့လား ?
- စီးကရက် တစ်လိပ်သောက်ခြင်းတိုင်း သင့်အသက် ( ၁၄) မိနစ်ပိုတိုသွားတယ် ။
- အကောင်းမြင်စိတ်ထားရှိခြင်းသည် သင်၏ အသက်ကို ပျမ်းမျှ (၇) နှစ်ခန့် ပို၍ ရှည်စေနိုင်ပါသည်။
- အအေးလွန်သော အစားအစာ ဥပမာ ရေခဲမုန့် ၊ အအေးဖျော်ရည် စသည်တို့ကို အမြန်စားလျှင် ဦးနှောက် အတွင်းရှိသွေးကြောများ ရုတ်တရက် ကျဉ်းသွားသဖြင့် ခေါင်းကိုက်တတ်သည်။
- တည ၅ နာရီထက် လျော့နည်းစွာ အိပ်သောသူ နှလုံးရောဂါ တိုက်ခိုက် ခံရမှုကို ၂ ဆ ၃ ဆ အထိ ပိုမို ခံရတတ်ပါသည် ။

အမျိုးသမီးများ၏ အသားအရေသည် အမျိုးသားများထက်မြန်မြန်အိုမင်းနိုင်

အရေပြားဆိုင်ရာ လေ့လာချက်အသစ်တခုမှ အမျိုးသမီးတွေရဲ့ အရေပြားက အမျိုးသားတွေရဲ့ အရေပြားထက် မြန်မြန်အိုမင်းတာကို ပြသခဲ့ပါတယ်။ လေဆာပုံရိပ်နည်းနိသျှအသစ်တစ်ခုကို အသုံးပြုပြီးတော့ သုတေသီတွေက အရေပြားရဲ့ ပိုနက်ရှိုင်းတဲ့နေရာကို ကြည့်ခဲ့ကြပြီး နေရောင်နဲ့ထိတွေ့လို့ ပျက်ဆီးသွားတဲ့ပမာဏနဲ့ အိုမင်းရင့်ရော်မှုကို တိုင်းတာကြပါတယ်။ ကိုလာဂျင် (Collagen) နဲ့ အီလက်စတင် (Elastin) တွေရဲ့ ပုံရိပ်တွေမှာ သူတို့ရဲ့ ဆုတ်ယုတ်လာမှုက အရေတွန့်မှုတွေကို ဖြစ်စေပြီး နူးညံ့မှုတွေဆုံးရှုံးကုန်ပါတယ်။ အဲ့ဒီမှာတွေ့ရတာက အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကိုလာဂျင်ဆုံးရှုံးမှုပိုမြန်တဲ့ အကြောင်းပါ ။ ကိုလာဂျင်တွေက ဒါမစ်လို့ခေါ်တဲ့ အရေပြားရဲ့ဆက်စပ်နေတဲ့ တစ်သျှူးအလွှာထဲမှ ပရိုတင်းအုပ်စုတစ်ခုပါ၊ သူတို့ကအရေပြားသန်စွမ်းမှုအတွက် တာဝန်ရှိတဲ့ပစ္စည်းပါ။ လူ့ခန္ဓာကိုယ်က ငယ်ရွယ်စဉ်မှာ ကိုလာဂျင်တွေ အများကြီးလုပ်ပေးပေမဲ့ အသက်ကြီးလာတာနဲ့ ထုတ်လုပ်မှုလျှော့ကျသွားပါတယ်။ နည်းနိသျှအသစ်နဲ့ ဆရာဝန်တွေက လေဆာအနီအောက်ရောင်ခြည်ရဲ့ တိုက်ရိုက်အလွန်တိုတဲ့ အလင်းရောင်လျှပ်စစ်မှုကို ပထမဆုံး အရေပြားအလွှာ မပျက်စီးစေပဲ အရေပြားထဲကို ၀င်ရောက်စေပြီး အရေပြားတစ်သျှုးတွေကို အလင်းပြန်ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ ကိုလာဂျင်တွေက အပြာရောင်အလင်းနဲ့ အီလတ်စတင်က အစိမ်းရောင်အလင်းတွေကို ထုတ်လွှတ်ပါတယ်။ အဲဒီအရောင်တွေက တစ်ခုချင်းစီရဲ့ နှိုင်းယှဉ်ပမာဏကို တိုင်းတာလို့ရစေခြင်းဖြစ်ပါတယ်။ပျမ်းမျှအားဖြင့် ကိုလာဂျင်နဲ့ အီလတ်စတင်တို့ နှိုင်းယှဉ်ပမာဏနဲ့ အရေပြားရဲ့ရုပ်ပိုင်းဆိုင်ရာသွင်ပြင်တို့ဟာ လူနာရဲ့ အသက်နဲ့ ဆက်စပ်နေပါတယ် ။ ဒါကလည်း ကျားနဲ့မ ကွဲပြားမှုအပေါ် အပြန်အလှန် ဆက်စပ်နှီးနွယ်နေပုံရပါတယ် ။ အမျိုးသမီးတွေရဲ့ အရေပြားဟာ အမျိုးသားတွေထက်ပိုပြီး မြန်မြန်အိုမင်းပုံပေါ်ပါတယ် ။

ထောပတ်သီးစားခြင်းဖြင့် ရနိုင်သော အကျိုးကျေးဇူး

ထောပတ်သီးတလုံးမှာ လူ၏မျက်လုံးအမြင်စွမ်းအားကောင်းစေတဲ့ လူတင်းဓါတ် ကိုလက်စထရောကိုကျစေတဲ့ ဘီတာစီတိုစထရော လည်ကြောင်းနဲ့ ပါးစပ်ကင်ဆာကိုကာကွယ်ပေးတဲ့ ဂလူသာသီအိုးနဲ့ နှလုံးအားကောင်းစေတဲ့ ဗီတာမင်အီး တို့ပါဝင်ပါတယ်။ ထို့အပြင်ထောပတ်သီးမှာ ငှက်ပျောသီး အပါအ၀င် အခြားအသီးများထက် ပိုတက်စီယမ်နဲ့ မက်ဂနီစီယမ်ဓါတ်တွေ ပိုမိုပါဝင်ပါတယ်။ ထောပတ်သီးထဲမှာ လူကို ဒုက္ခမပေးတတ်တဲ့ အဆီဓါတ် အဓိကပါဝင်ပါတယ် ။ ထောပတ်သီးကို ဒီအတိုင်းသော်လည်းကောင်း ဖျော်ရည်အဖြစ်သော်လည်းကောင်း နှစ်သက်သလိုစားသုံးသင့်ပါသည်။

ရှောက်သီး စားခြင်းဖြင့်

ရှောက်သီးမှာ ဗီတာမင် စီ နဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပါတယ် .. ။ ရှောက်သီးဟာ ခုခံအားကိုကောင်းစေခြင်း ၊ အသည်းအလုပ်လုပ်ခြင်းကို မြှင့်တင်ပေးခြင်းနဲ့ သွေးဖိအားကို နှိမ့်ချပေးခြင်း တို့အတွက် ကောင်းပါတယ် ။ ဒါ့အပြင် သဘာဝပိုးသတ်ဆေးအနေနဲ့လည်း ရှောက်သီးဟာ အနာကျက်မြန်စေခြင်း နဲ့ ပိုးကူးဆက်ခြင်းတို့ကိုပါ ဟန့်တားပေးပါတယ် ။ ရှောက်သီးမှာပါဝင်တဲ့ ပက်တင်ဓါတ်ဟာ ကိုလက်စထရောပမာဏကို ကျစေပါတယ် ။ ရှောက်သီးမှာ ၁၉ ကယ်လိုရီ ၊ အဆီ ဓါတ် ၀.၃ ဂရမ် ပါဝင်ပြီး ၊ ဗီတာမင်စီလည်း လိမ္မော်သီး မှာထက်ပိုပြီးပါဝင်ပါတယ်