arakan tawagu movie


VideoPlaylist
I made this video playlist at myflashfetish.com

အာရှနီဝန်း(အသျှင်ဦးဥတ္တမ)

မင်းနဲံ့အဝီး(စစ်နိုင်)

ရခိုင့်သီတင်းကျွတ်ပွဲတော်(စစ်တွေ)

ရခိုင့်သီတင်းကျွတ်ပွဲတော်

နေကြပ်ပုံ

ရခိုင်သင်္ကြန်သံချပ်


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉

13/4/2009 ရက်နေ့သင်္ကြန်


Showing posts with label မြောက်ဦးမင်းသမီး ဟိုတယ် ပြီးစီးတော့မယ်. Show all posts
Showing posts with label မြောက်ဦးမင်းသမီး ဟိုတယ် ပြီးစီးတော့မယ်. Show all posts

Saturday, August 2, 2008

မြောက်ဦးမင်းသမီး ဟိုတယ် ပြီးစီးတော့မည်



မြောက်ဦးမင်းသမီး ဟိုတယ် ပြီးစီးတော့မည်
8/1/2008

ရခိုင်ရှေ့ဟောင်း မင်းနေမြို့တော် မြောက်ဦးတွင် တည်ဆောက်နေသော “မြောက်ဦး မင်းသမီး” ဟိုတယ်မှာ များမကြာခင်က ပြီးစီးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဟိုတယ်အား ရခိုင်သားကြီး လှမြင့်မှ တည်ဆောက်နေခြင်းဖြစ်ပြီး နိုင်ငံခြားသားဧည့်သည်များ မြောက်ဦး လာရောက် လည်ပတ်စဉ် နေရာထိုင်ခင်း ကောင်းမွန်စွာရရှိနိုင်ရေး ရည်ရွယ်ပြီး တည်ဆောက်နေခြင်း ဖြစ်သည်။
အဆိုပါ ဟိုတယ်အား ခေတ်မှီ အဆင့် မြင့် ဟိုတည်တခုအဖြစ် တည်ဆောက်နေခြင်းဖြစ်ပြီး မြောက်ဦးသို့ လာရောက်လည်ပတ် သူများအနေဖြင့် ရေလမ်းကြောင်းမှတဆင့် တိုက်ရိုက်ဟိုတယ်သို့ မော်တော်ဘုတ် များဖြင့်ဝင် ရောက်နိုင်အောင် စီစဉ်ထားကြောင်း မြောက်ဦးမြို့ ခရီးသွားအေဂျင်စီတခုမှ တာဝန်ရှိသူ တဦးက ပြောသည်။
၎င်းပြင် စားသောက်ဆောင်အား ရခိုင်အနုပညာ လက်ရာများဖြင့် ပုံဖေါ်ထားကြောင်း သူကပြောသည်။
ရခိုင်ပြည်နယ် မြောက်ဦးတွင် နိုင်ငံခြာသားများ လာရောက်လည်ပတ်ရန် နေရာကောင်းများ အများအပြား တည်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် တည်းခိုရန် နေရာကောင်းများလည်း မရှိသည့် အတွက် နိုင်ငံခြားသားများ လာရောက်လည်ပတ်မှု အလွန်နည်းပါးနေကြောင်း သတင်းတရပ်က ဖေါ်ပြသည်။
မြောက်ဦးမြို့တွင် စစ်အစိုးရမှ တည်ဆောက်ထားသော မြောက်ဦးဟိုတယ်ရှိသော်လည်း ပုံမှန်မီးမရသည့်အပြင် ခြင်ကိုက် ပူအိုက်ကာ အိမ်သာများမှာလည်း သန့်ရှင်းမှုမရှိသဖြင့် နိုင်ငံခြားသားများ တည်ခိုရန် အဆင့် မမီဘဲ ရှိနေကြောင်း သိရှိရသည်။
မြောက်ဦး မင်းသမီး ဟိုတယ် ပြီးစီးပါက နိုင်ငံခြားသားများသာမက မြန်မာနိုင်ငံအရပ်ရပ်မှ ခရီးသည်များ မြောက်ဦးသို့ လာရောက် လည်ပတ်မှု တိုးပွားလာနိုင်ကြောင်း ခရီသွားအေဂျင်စီမှ တာဝန်ရှိသူက ပြောသည်။