arakan tawagu movie


VideoPlaylist
I made this video playlist at myflashfetish.com

အာရှနီဝန်း(အသျှင်ဦးဥတ္တမ)

မင်းနဲံ့အဝီး(စစ်နိုင်)

ရခိုင့်သီတင်းကျွတ်ပွဲတော်(စစ်တွေ)

ရခိုင့်သီတင်းကျွတ်ပွဲတော်

နေကြပ်ပုံ

ရခိုင်သင်္ကြန်သံချပ်


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉

13/4/2009 ရက်နေ့သင်္ကြန်


Showing posts with label ၄၃ နိုင်ငံပါဝင်တဲ့ မြေထဲပင်လယ်သမဂ္ဂဖွဲ့စည်းလိုက်ပြီ. Show all posts
Showing posts with label ၄၃ နိုင်ငံပါဝင်တဲ့ မြေထဲပင်လယ်သမဂ္ဂဖွဲ့စည်းလိုက်ပြီ. Show all posts

Monday, July 14, 2008

၄၃ နိုင်ငံပါဝင်တဲ့ မြေထဲပင်လယ်သမဂ္ဂဖွဲ့စည်းလိုက်ပြီ



ဥရောပသမဂ္ဂ၊ အရှေ့အလယ်ပိုင်းနဲ့  အာဖရိကမြောက်ပိုင်းနိုင်ငံက ခေါင်းဆောင် တွေဟာ မြေထဲပင်လယ်သမဂ္ဂ ဖွဲ့ စည်းပြီး အထိမ်းအမှတ် အနေနဲ့ ပါရီ မြို့ တော်မှာ တနင်္ဂနွေနေက တွေ့ ဆုံပွဲတရပ်ကို ကျင်းပခဲ့ကြပါတယ်။
ပြင်သစ်နဲ့ အီဂျစ်နိုင်ငံဟာ ခုလာမယ့် ၂ နှစ်မှာ ပူးတွဲသဘာပတိအဖြစ်တာဝန်ယူမှာ ဖြစ်ပါတယ်။
ပြင်သစ် သမ္မတ Nicolas Sarkozy က ခုလိုအရှေ့ အလယ်ပိုင်းသမဂ္ဂဖွဲ့ စည်းလိုက် ခြင်းဟာ ဒေသတွင်းအတွက်သော်လည်းကောင်းပြင်သစ်နဲ့  ဥရောပ တိုက် အတွက်သော်လည်းကောင်း အရေးကြီးတဲ့ သမိုင်းတစ်ဆစ်ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီ ထိပ်သီးအစည်းအဝေးပွဲမှာ Syrian သမ္မတ Bashar Assad၊ Israeli ၀န်ကြီးချုပ် Ehud Olmert နဲ့  Palestine သမ္မတ Mahmoud Abbas တို့ လည်း ပါဝင်ခဲ့ကြ ပါတယ်။ ဒီ အသစ်ဖွဲ့ စည်းလိုက်တဲ့ သမ္မဂ္ဂ မှာ နိုင်ငံပေါင်း ၄၃ နိုင်ငံပါဝင်ပါတယ်။
Libya နိုင်ငံကတော့ သူတို့ရဲ့ဝန်ကြီးတဦးကို လေ့လာသူအနေနဲ့ တက်ရောက်စေခဲ့ပါတယ်။ လစ်ဗျား ခေါင်းဆောင် Gadhafi က ဒီ သမဂ္ဂ ဖွဲ့  စည်းလိုက်တာဟာ အာရပ်နဲ့ အာဖရိကနိုင်ငံများကို စော်ကားတာပဲဖြစ်တယ်လို့  ကန့်ကွက်လိုက် ပါတယ်။