arakan tawagu movie


VideoPlaylist
I made this video playlist at myflashfetish.com

အာရှနီဝန်း(အသျှင်ဦးဥတ္တမ)

မင်းနဲံ့အဝီး(စစ်နိုင်)

ရခိုင့်သီတင်းကျွတ်ပွဲတော်(စစ်တွေ)

ရခိုင့်သီတင်းကျွတ်ပွဲတော်

နေကြပ်ပုံ

ရခိုင်သင်္ကြန်သံချပ်


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉

13/4/2009 ရက်နေ့သင်္ကြန်


Showing posts with label ဒိုက်ဦးမြို့အထွက်တွင် ကားတစ်စီး ဗုံးပေါက်ကွဲ. Show all posts
Showing posts with label ဒိုက်ဦးမြို့အထွက်တွင် ကားတစ်စီး ဗုံးပေါက်ကွဲ. Show all posts

Monday, July 14, 2008

ဒိုက်ဦးမြို့အထွက်တွင် ကားတစ်စီး ဗုံးပေါက်ကွဲ

ပဲခူးတိုင်း ဒိုက်ဦးမြို့အထွက်တွင် ယနေ့ နံနက်ပိုင်းက ခရီးသည်တင်ကားတစီး ဗုံးကွဲပေါက်ကွဲ၍ လူ သေဆုံးမှု ရှိကြောင်း သိရသည်။

နံနက် ၈ နာရီခန့်က ကျောက်ကြီးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသည့် ရွှေခရီးသည် အမည်ရှိ ခရီးသည်တင်ကား တစီးသည် ဒိုက်ဦးမြို့အထွက် ကောလိယ တံတားအနီးတွင် မောင်းနှင်လာစဉ် ကားပေါ်ပါလာသည့် ဗုံးပေါက်ကွဲ ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ယင်းပေါက်ကွဲမှုကြောင့် လူတဦး သေဆုံး၍ ၅ ဦး ဒဏ်ရာရှိသည်ဟုလည်း ဆိုသည်။ အတည်မပြုနိုင်သေးသော သတင်းများ အရ လူ ၄ ဦးခန့် သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

ယင်း ရွှေဧည့်သည်အမည်ရ ခရီးသည်တင်ကားသည် ကျောက်ကြီးမြို့ ကြံ့ဖွံ့အဖွဲ့ပိုင် ကားဖြစ်သည်ဟုလည်း ဆိုသည်။