arakan tawagu movie


VideoPlaylist
I made this video playlist at myflashfetish.com

အာရှနီဝန်း(အသျှင်ဦးဥတ္တမ)

မင်းနဲံ့အဝီး(စစ်နိုင်)

ရခိုင့်သီတင်းကျွတ်ပွဲတော်(စစ်တွေ)

ရခိုင့်သီတင်းကျွတ်ပွဲတော်

နေကြပ်ပုံ

ရခိုင်သင်္ကြန်သံချပ်


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉

13/4/2009 ရက်နေ့သင်္ကြန်


Sunday, August 10, 2008

စစ်တွေမှ ဘုရားကြီးကို လုံထိန်းတပ်ဖွဲ့ဝင်များ ဝိုင်းထားခဲ့


ရခိုင်ပြည်နယ် မြို့တော် စစ်တွေရှိ ဘုရားကြီးတွင် ရဟန်းတော်များ ဆန္ဒပြရန် စုရုံးနေကြစဉ် လုံထိန်းတပ်ဖွဲ့များက ဘုရားကြီးကို ၀ိုင်းရံထားလိုက်ပြီး ဘုရားကြီး အနီးတ၀ိုက်က လမ်းများကို ပိတ်ဆို့ထားလိုက်ကြောင်း သတင်းရရှိသည်။
အမည်မဖေါ်လိုသူ တဦးက “ဒီကနေ့ နံနက်က ရဟန်းတော်တွေ ဘုရားကြီးကို စုရပ်လုပ်ပီး ဆန္ဒပြမယ့် အစီအစဉ်ကို အာဏာပိုင်တွေ သိရှိသွားတော့ ဘုရားကြီးကို လုံထိန်းတွေက ၀ိုင်းရံ ထားလိုက်ပါတယ်။ ဘုရားကြီး အနီးက လမ်းတွေကိုလည်း ရဟန်းတော်တွေ ဆန္ဒပြဖို့ မထွက် နိုင်အောင် ပိတ်ဆို့ထားလိုက်ပါတယ်။” ဟု ပြောသည်။
စစ်တွေမြို့ တခုလုံးတွင် ရဟန်းတော်များ ဆန္ဒပြမည့် သတင်း ချက်ချင်း ပျံ့နှံ့သွားပြီး နေရာ အများအပြားတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ချထားလိုက်သည်။
“ဒီကနေ့ လုံထိန်းတွေက လက်နက် အပြည့်နဲ့ မြို့ထဲမှာ ကားတွေနဲ့ လျောက်ပတ် သွားလာပြီး လုံခြုံရေးကို ယူနေတာကို တွေ့ရပါတယ်။ အရေးကြီးတဲ့ နေရာတိုင်းမှာ လုံခြုံရေး အပြည့်ပါဘဲ။” ဟု သူက ဆက်ပြောသည်။
ဘုရားကြီးအား လုံထိန်းတပ်ဖွဲ့များ ၀ိုင်းရံထားပြီးနောက် နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့သော အခြေအနေနှင့် ပတ်သက်ပြီး တစုံတရာ သိရှိရခြင်း မရှိသေးကြောင်း အဆိုပါ စစ်တွေ မြို့ခံက ပြောသည်။
၎င်းပြင် သူက “စစ်တွေမှာ ဆန္ဒပြပွဲတွေ ဖြစ်နိုင်ဖို့ သိပ်အလားအလာမရှိပါဘူး။ ဘာဖြစ်လို့လည်း ဆိုတာကတော့ လုံခြုံရေးကို အထူး တင်းကျပ် ထားတဲ့အတွက် ဖြစ်ပါတယ်။” ဟု ပြောသည်။
ယခုအချိန်ထိ အဖမ်းအဆီး သတင်းနှင့် အာဏာပိုင်များဘက်က မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို မိမိ မသိရှိပါကြောင်း သူက ဆက်လက် ပြောကြားသွားသည်။

No comments: