မြောက်ဦးမြို့တွင် စစ်သားနှင့် လူငယ်များ ခိုက်ရန်ဖြစ်ပွား၍ အရပ်သား နှစ်ဦး ဓါးထိုးခံရ
6/5/2009
ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ရထားလမ်း ဖောက်လုပ် ရာတွင် တာဝန်ကျနေသည့် စစ်သား နှစ်ဦးက လူငယ်များနှင့် ခိုက်ရန်ဖြစ်ပွားရာမှ ဓါးနှင့် ထိုးသဖြင့် အရပ်သား နှစ်ဦး ဒဏ်ရာ ရရှိသွားသည်။
ဒဏ်ရာရှိသွားသူနှစ်ဦးမှာ ဦးရွှေသိန်းအောင် (ဘ) ဦးထွန်းထွန်း - အသက် ၄၁ နှစ်- နှင့် ရွှေအောင် (ဘ) ဦးအောင်ကျော်စိန် - အသက် ၄၂ နှစ်တို့ - ဖြစ်ကြသည်။
သူတို့အား ဓါးနှင့်ထိုးသော စစ်သားနှစ်ဦးမှာ တပ်သား အောင်ဝင်းနိုင်နှင့် ဇော်မျိုးဇော်တို့ ဖြစ်ပြီး မီးရထား လမ်းပိုင်း ဖောက်လုပ်ရာတွင် တာဝန်ကျနေသည့် စစ်သား များ ဖြစ်သည်၊
အဆိုပါ ဓါးထိုးမှုမှာ ယမန်နေ့ ည ၉ နာရီ အချိန်တွင် မြောက်ဦးမြို့ရှိ သန်းသန်း ဗွီဒီယိုရုံတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
မြောက်ဦးမြို့ တောင်ရပ်မှ အမည် မဖေါ်လိုသူ တဦးက “သူတို့က ရထား လမ်းဖောက်တဲ့ နေရာမှာ တာဝန်ကျ နေတဲ့ စစ်သားတွေ ဖြစ်ကြပါတယ်။ ရပ်ကွက် ထဲက သန်းသန်း ဗွီဒီယိုရုံမှာ ဗွီဒီယို ခိုးပြီး လာကြည့်တော့ ရပ်ကွက်ထဲက လူငယ်တွေနဲ့ စကား များကြပြီး သတ်ပုတ်တဲ့ အထိ ဖြစ်သွားကြတယ်။ နောက်တော့ ဘာမှ ရန်ပွဲမှာ မပါဘဲ အေးအေး ဆေးဆေး ထိုင်နေတဲ့ သူ နှစ်ဦးကို စစ်သားတွေက လာပြီး စူးနဲ့ ထိုးသွားပါတယ် ”ဟု မျက်မြင်တဦးကပြောသည်။
တပ်သား အောင်ဝင်းနိုင်က မီးစက်တွင် အသုံးပြုနေသော ၀က်အူလှည့်ကို ယူပြီး ထိုးလိုက် သဖြင့် ဦးရွှေသိန်းအောင် ညာဘက် ပခုံးတွင် ဒဏ်ရာ ရရှိသွားပြီး ဦးရွှေအောင် မှာလည်း ဦးခေါင်းတွင် ဒဏ်ရာ အနည်းငယ် ရရှိသွားခဲ့ဟု အဆိုပါ မျက်မြင်က ပြောသည်။
“ခုလို ရွာသားတွေကို စစ်သားနှစ်ဦးက ဓါးနဲ့ထိုးတယ်ဆိုတဲ့ သတင်း ပျံ့သွားတော့ ရပ်ကွက်ထဲက လူငယ်တွေ ထွက်လိုက် လာပြီး စစ်သားတွေကို ဆော်ထည့်လိုက်တာ ရပ်ကွက်က လူကြီးတွေသာ ကြားဝင် မပေးရင် သူတို့နှစ်ယောက်လည်း သေသွားနိုင်ပါတယ်။”
ယနေ့ နေ့လည်က အခင်း ဖြစ်ပွားခဲ့သည် တပ်စိတ်ကို မြောက်ဦးမြို့ အောင်တပ်အခြေစိုက် ခမရ ၅၄၀ မှ တပ်ရင်းမှူး ကိုယ်တိုင်လာပြီး ခေါ်ဆောင်သွားခဲ့ပြီး ခေါ်ယူခံရသည့် အထဲတွင် အဆိုပါ တပ်စိတ် တာဝန်ခံ ဗိုလ်ကြီး အောင်ကိုဝင်း လည်း ပါဝင်သည်ဟု မျက်မြင်များက ပြောသည်။
ယခုကဲ့သို့အဖြစ်မျိုး လွန်ခဲ့နှစ်ကလည်း စစ်တွေမြို့ ကသည်းရွာ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ပြီး လူအသေ အပျောက် များရှိခဲ့သည်ဟု သိရသည်။
arakan tawagu movie
I made this video playlist at myflashfetish.com
အာရှနီဝန်း(အသျှင်ဦးဥတ္တမ)
မင်းနဲံ့အဝီး(စစ်နိုင်)
ရခိုင့်သီတင်းကျွတ်ပွဲတော်(စစ်တွေ)
ရခိုင့်သီတင်းကျွတ်ပွဲတော်
နေကြပ်ပုံ
ရခိုင်သင်္ကြန်သံချပ်
စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉
13/4/2009 ရက်နေ့သင်္ကြန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment