arakan tawagu movie


VideoPlaylist
I made this video playlist at myflashfetish.com

အာရှနီဝန်း(အသျှင်ဦးဥတ္တမ)

မင်းနဲံ့အဝီး(စစ်နိုင်)

ရခိုင့်သီတင်းကျွတ်ပွဲတော်(စစ်တွေ)

ရခိုင့်သီတင်းကျွတ်ပွဲတော်

နေကြပ်ပုံ

ရခိုင်သင်္ကြန်သံချပ်


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉

13/4/2009 ရက်နေ့သင်္ကြန်


Sunday, April 12, 2009


ဌာနဆိုင်ရာမှ ရခိုင်အမျိုးသမီး ၀န်ထမ်းများ ရခိုင်ရိုးရာ သင်္ကြန်တွင် ပါဝင် ဆင်နွဲ့ခွင့်မရ

ဧပြီလ ၁၃ ရက်နေ့မှ စတင်မည့် ရခိုင်ရိုးရာ သင်္ကြန်တွင် စစ်တွေမြို့ရှိ အစိုးရ ဌာနဆိုင်ရာမှ ရခိုင်အမျိုးသမီးများ အနေဖြင့် ရပ်ကွက်အလိုက် ဆောက်လုပ်ထားသော ရခိုင်ရိုးရာ ရေကစား မဏ္ဍပ်များတွင် ပါဝင်ရေကစားခွင့် မရရှိကြောင်း အမည်မဖေါ်လိုသူ စစ်တွေ စည်ပင်က အမျိုးသမီး တဦးက ပြောသည်။ သူမက “ကျွန်မတို့ကို ရခိုင်ရိုးရာ ရေကစား မဏ္ဍပ်တွေမှာ ရေမကစားရဘူလို့ သူတို့က တားမြစ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ စည်ပင်က ၀န်ထမ်းတွေ အားလုံး ပြည်ထဲရေး မဏ္ဍပ်မှာ ရေကစားရမယ်လို့ သူတို့က အမိန့်ထုတ်တော့ ကျွန်မတို့ ရပ်ကွက်ထဲက ရခိုင်ရေကစား မဏ္ဍပ်တွေမှာ ရခိုင်လို ရေကစားလို့ မရ ဖြစ်သွားတာပေါ့” ဟု ပြောသည်။ အစိုး ဌာနဆိုင်ရာ မဏ္ဍပ်များတွင် ဘေးနားမှ စတိတ်ရှိုးစင်ထိုးထာပြီး ရေကစားရန်လာသူများကို ရေပိုက်များဖြင့် ရေထိုးပစ် ကစားကြပြီး ရခိုင်ရိုးရာ သင်္ကြန်ကဲ့သို့ လှေတွင် ရေဖြည့်ပြီး အမျိုးသားနှင့် အမျိုးသမီးများက တဘက် ရေပက် ကစားကြခြင်း မရှိဟု သိရသည်။“ဌာနဆိုင်ရာ ရခိုင်အမျိုးတွေ အများစုက ကိုယ့်ရိုးရာ သင်္ကြန်ကို ရခိုင်လိုဘဲ ရေကစားချင်ကြပါတယ်။ ဒါပေမယ့် ဌာနဆိုင်ရာ ၀န်ထမ်းတွေ ဖြစ်နေတော့ အရာရှိကြီးတွေ ရေကစားကြတဲ့ ဗဟိုမဏ္ဍပ်တွေမှာဘဲ သွားရောက် ရေကစားကြရပါတယ်။ မသွားရင် ထုချေလွှာတွေ တင်ရ၊ ရာထူး ပြောင်းရွှေ့ခံရမှာကို ကြောက်ပြီး သွားကြရတာပါဘဲ။” ဟု ပြောသည်။စစ်တွေ သင်္ကြန်တွင် ရခိုင်ရိုးရာ သင်္ကြန်နှင့် စစ်အစိုးရ အရာရှိများ ပြုလုပ်သော ဗမာ သင်္ကြန် ဟူ၍ နှစ်မျိုးနှစ်စားကွဲပြားနေပြီး ရခိုင်ရိုးရာ သင်္ကြန်ကို မြို့သူ မြို့သားများက ရပ်ကွက်အလိုက် ရေလောင်း မဏ္ဍပ်များဆောက်လုပ်ပြီး ကျင်းပ ကြသည်။ အမည်မဖေါ်လိုသူ တဦးကလည်း “နအဖ စစ်အာဏာပိုင်တွေက ပြောတော့ တိုင်းရင်း ရိုးရာ ယဉ်ကျေးမူတွေကို ထိန်းသိမ်းမြှင့်တင်ရေး ဆိုပြီး ပြောတယ်။ လက်တွေ့မှာကျတော့ တိုင်းရင်းသားတွေရဲ့ ရိုးရာ ယဉ်ကျေးမူတွေကို တိမ်ကော ပပျောက်အောင် လုပ်တယ်။ စစ်တွေမှာ ကျင်းပတဲ့ ရခိုင် သင်္ကြန်ကို ကြည့်ပြီး သိနိုင်တယ်။ သင်္ကြန်အတွက် နိုင်ငံတော်က ဘတ်ဂျက်ငွေတွေ ခွဲဝေပေးရင် ရပ်ကွက်အတွင်းက ရခိုင်ရိုးရာ ရေလောင်း မဏ္ဍပ်တွေ ဘယ်တော့မှ မရဘူး။ ဌာနဆိုင်ရာတွေကဘဲ ငွေတွေကို အကြီးအကျယ် အသုံးပြုပြီး ဗမာသင်္ကြန်တွေကိုဘဲ အားပေး အားမြှောက် ပြုလုပ် ကျင်းပနေတာကို တွေ့နေရပါတယ်” ဟု ပြောသည်။

ရခိုင်ရိုးရာ သင်္ကြန် ရန်ကုန်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်
4/11/2009
၆- ကြိမ်မြှောက် ရခိုင်ရိုးရာ သင်္ကြန်ကို ရန်ကုန်မြို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ရခိုင်ရိုးရာ မဟာ သင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် သိမ်ဖြူ ယာဉ်မောင်း သင်ကွင်းတွင် ပြုလုပ်မည် ဖြစ်သည်။ ရခိုင်ရိုးရာ မဟာ သင်္ကြန်ဖွင့်ပွဲကို ဧပြီလ ၁၃ ရက်နေ့တွင် စတင် မည် ဖြစ်သော်လည်း နံ့သာသွေးပွဲနှင့် ရိုးရာ ယဉ်ကျေးမူ အကများ၊ ရခိုင်တေးသီခြင်းများ ဖြေဖျော်ပွဲများအား ဧပြီလ ၁၂ ရက်နေ့မှ စတင်ကျင်းပမည် ဖြစ်သည်။ရေလာင်းပွဲနှင့် အဆိုအက ရခိုင် သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ရခိုင်သင်္ကြန်ပွဲတော် အတွင်း မြို့နယ်နှင့် အသင်းအဖွဲ့ ကိုယ်စားပြု မဏ္ဍပ် ၁၂ ခုပါဝင်မည် ဖြစ်ပြီး သုံရက်အတွင်း လူပေါင်း တသိန်းခန့် ပါဝင် ဆင်နွဲမည် ဖြစ်သည်။ရန်ကုန် ရခိုင်သင်္ကြန်မှာ ယခုအခါ စစ်တွေ သင်္ကြန်ထက် ပိုစည်ကားလာပြီး ယခုကဲ့သို့ စည်ကားလာရခြင်းမှာ ရန်ကုန်တွင် ရခိုင်အမျိုးသားများ ပိုမို များပြားလာ၍ ဖြစ်သည်ဟု သိရသည်။ရခိုင်အမျိုးသားများမှာ စီးပွားရေး အကျပ်အတည်းကြောင့် သာမက နအဖ စစ်အာဏာပိုင်များ၏ နှိပ်စက် အနိုင်ကျင့်မူကြောင့် ရခိုင်ပြည်ကို စွန့်ခွာပြီး ရန်ကုန်တွင် နေထိုင်သူ ပိုများလာဟု သိရသည်။ရခိုင် မဟာ သင်္ကြန်ပိတ်ပွဲကို ဧပြီလ ၁၆ ရက်နေ့တွင် ညနေတွင် ပြုလုပ်မည် ဖြစ်သည်ဟု သိရသည်။