arakan tawagu movie


VideoPlaylist
I made this video playlist at myflashfetish.com

အာရှနီဝန်း(အသျှင်ဦးဥတ္တမ)

မင်းနဲံ့အဝီး(စစ်နိုင်)

ရခိုင့်သီတင်းကျွတ်ပွဲတော်(စစ်တွေ)

ရခိုင့်သီတင်းကျွတ်ပွဲတော်

နေကြပ်ပုံ

ရခိုင်သင်္ကြန်သံချပ်


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉

13/4/2009 ရက်နေ့သင်္ကြန်


Thursday, July 17, 2008

စစ်တွေတွင် နအဖ စစ်အစိုးရနှင့် ဆက်စပ်မှုရှိသော အအေးခန်းတစ်ချို့ပိတ်လိုက်ရ

စစ်တွေတွင် နအဖ စစ်အစိုးရနှင့် ဆက်စပ်မှု ရှိသော အအေးခန်း တချို့ ပိတ်လိုက်ရ
7/16/2008
ရခိုင်ပြည်နယ် စစ်တွေတွင် နအဖ စစ်အစိုးရနှင့် နီးစပ်မှု ရှိသော ပုဇွန် ထုတ်လုပ်သည့် အအေးခန်းတချို့ကို များမကြာခင်က ပိတ်လိုက်ရကြောင်း သတင်း ရရှိသည်။
အဆိုပါ ပိတ်လိုက်ရသော အအေးခန်းများမှာ ရွှေသ၀ဏ်နှင့် ရွှေယမုံ အအေးခန်းများဖြစ်ပြီး စစ်တွေ ဆတ်ရိုးကျ ချောင်းတဖက်ကမ်းတွင် တည်ရှိ သည်။
အဆိုပါ အအေးခန်း နှစ်ခုစလုံးမှာ နအဖစစ်အစိုးရနှင့် နီးစပ်သူ များက ဖွင့်လှစ်ထားသော အအေးခန်း စက်ရုံများဖြစ်ပြီး ရွှေသ၀ဏ် အအေးခန်းမှာ ဗိုလ်ချုပ် ရွှေမန်းသားပိုင်ဆိုင်သော ပုဇွန်ထုတ်လုပ်သည့် အအေးခန်း ဖြစ်ကြောင်း စစ်တွေကလာသော သတင်းများအရ သိရှိရသည်။
အမေရိကန် အစိုးရမှ မြန်မာ့နိုင်ငံအား စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေးယူပြီးနောက်ပိုင်း စစ်အစိုးရနဲ့ စီးပွားရေး လုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် အမေရိကန်ဘဏ်များနှင့် ငွေလွဲပြောင်းလုပ်ရာတွင် ပြဿနာများ ပေါ်ပေါက်လာရာမှ ယခုကဲ့သို့ စစ်အစိုးရနှင့် နီးစပ်သော အအေးခန်းများ ပိတ်သွားခြင်းဖြစ်ကြောင်း စစ်တွေ စီးပွားရေး သတင်းရပ်ကွက်က ဆိုသည်။
အမည်မဖေါ်လိုသူ စီးပွားရေး သမားတဦးက “အဓိကတော့ သူတို့ တင်ပို့နေတဲ့ ပုဇွန်တွေကို စင်္ကာပူကလက်မခံတော့ သူတို့ စက်ရုံတွေကို ပိတ်ဖို့ ဖြစ်သွားတာပါ။ အရင်ကတော့ သူတို့အအေးခန်းက ထုတ်လုပ်တဲ့ ပုဇွန်တွေကို စင်္ကာပူကို တင်ပို့ခဲ့ကြတာပါ၊ နောက်ပိုင်းတော့ အမေရိကန်အစိုးရက တင်းတင်းကျပ်ကျပ် စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်လာတော့ သူတို့လည်း မြန်မာကပုဇွန်တွေကို မ၀ယ်ရဲတော့ ခုလို နအဖ စစ်အစိုးရ ဆွေမျိုးတွေ ပိုင်ဆိုင်တဲ့ စစ်တွေက အအေးခန်းတွေ ပိတ်သွားရတာပါ၊ ”ဟု ပြောသည်။
အအေးခန်းများ ပိတ်သွားသဖြင့် အဆိုပါ အအေးခန်း စက်ရုံနှစ်ရုံတွင် အလုပ်လုပ်ကိုင်နေသာ အလုပ်သမား ၂၀၀ ခန့်မှာ အလုပ်လက်မဲ့ ဖြစ်သွား ခဲ့သည်။
အလုပ်သမားများအား လုပ်ခသုံးလစီပေးပြီး အလုပ်မှ ဖြုတ်ပစ် ခဲ့ကြောင်း အဆိုပါစက်ရုံတွင် အလုပ် လုပ်ကိုင်ခဲ့သူတဦးက နိရဉ္စရာသို့ အတည်ပြု ပြောကြား သည်။

No comments: