arakan tawagu movie


VideoPlaylist
I made this video playlist at myflashfetish.com

အာရှနီဝန်း(အသျှင်ဦးဥတ္တမ)

မင်းနဲံ့အဝီး(စစ်နိုင်)

ရခိုင့်သီတင်းကျွတ်ပွဲတော်(စစ်တွေ)

ရခိုင့်သီတင်းကျွတ်ပွဲတော်

နေကြပ်ပုံ

ရခိုင်သင်္ကြန်သံချပ်


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉

13/4/2009 ရက်နေ့သင်္ကြန်


Sunday, July 13, 2008

မောင်တောမြို့တွင် အရေးပေါ် ကုန်ဈေးနှုန်းကျဆင်းရေးကျင်းပ

မောင်တောမြို့တွင် အရေးပေါ် ကုန်ဈေးနှုန်းကျဆင်းရေး အစည်း အဝေးကျင်းပ
7/9/2008


မောင်သစ်အောင်၊ မင်းအောင် (နိရဉ္စရာ)ဘူးသီးတောင် မောင်တော ကားလမ်း ပျက်စီးသွား ပြီးနောက် မောင်တောမြို့တွင် ကုန်ဈေး နုန်းများ အဆမတန် မြင့်တက်လာနေသဖြင့် ကုန်ဈေးနုန်းကို ထိမ်းချုပ်နိုင်ရန် အာဏာပိုင် များက ဗုဒ္ဓဟူးနေ့က အစည်းအဝေးတရပ် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ခယကနှင့် မယက အရာရှိများ၊ နစက အရာရှိများ၊ စရဖ အရာ ရှိများ၊ စစ်တပ်မှ အကြီးအကဲများ၊ ရပ်ကွက်ဥက္ကဌများ၊ ကုန်သွယ်ရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးသမားများ တက်ရောက်ခဲ့ကြောင်း မောင်တောမြို့ သတင်းရပ်ကွက်က ဆိုသည်။

အစည်းအဝေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ တံတားနှင့် လမ်းကို ပြုလုပ်ရန် အတွက် လုပ်ငန်းရှင်များထံမှ ငွေကောက်ခံရန်နှင့် ကုန်ဈေးနှုန်းကို မြင့်တင် ရောင်းချသူများ အရေးယူရန်အတွက် ဖြစ်ကြောင်း သိရှိရသည်။

၎င်းအပြင် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး (ပရပ) အား မောင်တော-ဘူးသီးတောင် လမ်းပြတ်တောက်နေရသည့် အခြေအနေကို အသေးစိတ် တင်ပြသွားရန်နှင့် ကုန်စည် များကို စစ်တွေမှ ရေလမ်းကိုအသုံးပြုပြီး မောင်တောသို့ တင်ပို့ရန် ကိစ္စများကိုလည်း ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

ယနေ့ ကြာသပတေးနေ့တွင် မောင်တောမြို့သို့် ကုန်စည်များ စနစ်တကျ အမြန်ဆုံး စီးဆင်းနိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် အခြေအနေများကို လေ့လာရန် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး (ပရပ)မှ ထိပ်တန်း တာဝန်ရှိသူများ ရောက်ရှိမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments: