arakan tawagu movie


VideoPlaylist
I made this video playlist at myflashfetish.com

အာရှနီဝန်း(အသျှင်ဦးဥတ္တမ)

မင်းနဲံ့အဝီး(စစ်နိုင်)

ရခိုင့်သီတင်းကျွတ်ပွဲတော်(စစ်တွေ)

ရခိုင့်သီတင်းကျွတ်ပွဲတော်

နေကြပ်ပုံ

ရခိုင်သင်္ကြန်သံချပ်


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉

13/4/2009 ရက်နေ့သင်္ကြန်


Thursday, July 17, 2008

၁၇-၀၇-၂၀၀၈ နေ့သည် ဝါဆိုလပြည့်နေ့ဖြစ်ပါသည်


ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာနွယ်ဝင် မြန်မာလူမျိုးတို့အတွက် နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သည်။ဘုရားအလောင်းတော်မြတ် သန္ဓေယူသောနေ့၊ ဘုရားအလောင်းတော် တောထွက်တော်မူသည့်နေ့၊ဓမ္မစကြာတရားဦး ဟောကြားတော်မူသည့်နေ့တို့မှာ ၀ါဆိုလပြည့်နေ့ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ထိုကြောင့် ရှေးမြန်မာကြီးတို့က သန္ဓေ တောထွက် ဓမ္မစက် ဟောမြွတ်ခါကို လ၀ါဆို။ ဟူ၍မှတ်တမ်းတင်ခဲ့ကြခြင်းဖြစ်ပါသည်။ဝါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ်ဖြစ်သဖြင့် ဗုဒ္ဓဘာသာနွယ်ဝင်မြန်မာလူမျိုးတို့မှာ ဥပုသ်သီလဆောက်တည်ခြင်း၊ ဘုရားကျောင်းကန်များသို့သွားရောက်၍ အလှုအတန်းပြုလုပ်ခြင်း၊ ၀ါဆိုသင်္ကန်း ၀ါဆိုပန်းကပ်လှူပူဇော်ခြင်း စသောကုသိုလ်ကောင်းမူများကိုပြုလုပ်လေ့ရှိကြပါသည်။မြတ် စွာဘုရားရှင်၏ ဖြစ်တော်စဉ်များနှင့် ဆက်စပ် မူရှိသည့်ဝါဆိုလပြည့်နေ့တွင် မြန်မာပြည်သူ ပြည်သားများအားလုံး ရောက်ရာအရပ် ကနေ အကုသိုလ်အမူများကို ရှောင်ရှားနိုင်ကြပြီး။ ကုသိုလ်ကောင်းမူများကိုတိုးပွားအောင်အားထုတ်နိုင်ကြပါစေ၊စိတ်ကောင်းမွေးနိုင်ကြပြီး အမျိုး ဘာသာ သာသနာတော်အကျိုးကိုဆထက်ထမ်းပိုး ရွက်ဆောင်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ထို့ကြောင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ၀ါဆိုလပြည့်နေ့၌ သီလဆောက်တည်ခြင်း ဒါနပြုလုပ်ခြင်း တရားဘာဝနာပွားများအားထုတ်၍ ကုသိုလ်ယူခြင်း စသောကောင်းမူများကိုပြုလုပ်ကြရန် ပန်ကြားအပ်ပါသည်။လယ်တီဆရာတော်ကြီး ရေးစပ်တော်မူခဲ့သော ကဗျာစုများ…..သန္ဓေယူသောနေ့သုံးလူရှင်ပင်၊ ကျွန်ထိပ်တင်၊ သောင်းခွင်းစကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊တောင်းပန်မူကြောင့်၊ ရတုနဂို၊ ရွန်းရွန်းစိုသည့်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ၀ယ်၊ချမ်းမြေ့ ကြည်ဖြူ၊ သန္ဓေယူသည်၊နတ်လူငြိမ်းဖို့ကိန်းပါကို။တောထွက်သောနေ့ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနှနယ်၌၊ သုံးသွယ်ရွေ္ဌနန်း၊ သိမ်းမြန်းပြီးလစ်၊ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊နတ်ပြဟိတ်ကြောင့်၊ ရွေ္ဌစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်ခန်းမှာကို။ ။ဓမ္မစကြာ တရားဦးဟောသောနေ့ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွေ္ဌဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂွီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ဓမ္မစက်ကို၊ မိန့်မြွတ်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည်ရွမ်းတယ်ကို။

No comments: