arakan tawagu movie


VideoPlaylist
I made this video playlist at myflashfetish.com

အာရှနီဝန်း(အသျှင်ဦးဥတ္တမ)

မင်းနဲံ့အဝီး(စစ်နိုင်)

ရခိုင့်သီတင်းကျွတ်ပွဲတော်(စစ်တွေ)

ရခိုင့်သီတင်းကျွတ်ပွဲတော်

နေကြပ်ပုံ

ရခိုင်သင်္ကြန်သံချပ်


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉


စင်္ကာပူမှရခိုင်သင်္ကြန် ၂၀၀၉

13/4/2009 ရက်နေ့သင်္ကြန်


Sunday, July 13, 2008

စစ်တွေ-ရန်ကုန် ကားလမ်းရှိ တံတားနှင့်လမ်းများ ပျိုပျက်သွား ခရီးသည်များ အခက်ကြုံနေ

စစ်တွေ-ရန်ကုန် ကားလမ်းရှိ တံတားနှင့် လမ်းများ ပြိုပျက်သွား၍ ခရီးသည်များ အခက်ကြုံနေရ
7/9/2008


မောင်သစ်အောင်၊ မင်းအောင် (နိရဉ္စရာ)စစ်တွေ-ရန်ကုန်ကားလမ်းပေါ်ရှိ မြေပုံမြို့နယ်အတွင်းမှ ၇၄-မိုင် ၁-ဖါလုံ တံတားမှာ ဇွန်လ-၇ ရက်နေ့က ကျိုးပျက်သွားသောကြောင့် ကားအသွားအလာ ပြုလုပ်၍မရ သေးသဖြင့် ခရီး သည်များ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း နိရဉ္စရာမှ သတင်းရရှိ သည်။
ယနေ့ရရှိသော သတင်းအရ ကားအသွားအလာလုပ်၍ မရသေးသဖြင့် အာဏာပိုင်များက အဆိုပါ တံတားပြုပြင်ရေးတွင် အရပ်သားများကို ပေါ်တာခေါ်ယူပြီး ပြန်လည် ပြုပြင် တည်ဆောက်နေကြောင်း သိရှိရသည်။

အဆိုပါ တံတားမှာ အလျှားပေ-၉၀ ရှည်လျှားပြီး ဇူလှိုင် ၇-ရက်နေ့က မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျိုးပျက်သွားခဲ့သည်။

ခရီးသွားများ အနေဖြင့် ဒေသခံများ အကူအညီကို ရယူပြီး ကုန်ပစ္စည်းများကို တံတားထိပ် တဘက်မှ တဘက်ကို သယ်ယူ ပြောင်းရွှေ့ နေကြရကြောင်း သိရှိရသည်။

ထို့ပြင် သံတွဲ-တောင်ကုတ်ကားလမ်းမှာလည်း ဇွန်လ ၄ ရက်နေ့ ကတည်းက ပြတ်တောက် သွား၍ အခုအချိန် ကားသွားအလာများပြုလုပ်၍ မရရှိသေးကြောင်း သတင်းတရပ်တွင် ဖေါ်သည်။

ကျိုးပျက်သွားသော တံတားနှင့် လမ်းများကို ခြောက်သွေ့ ရာသီအတွင်း စနစ်တကျ ပြုပြင်ခဲ့မှု မရှိသဖြင့် မိုးရာသီတွင် ယခုကဲ့သို့ ပျက်စီးရခြင်း ဖြစ်ကြောင်း စစ်တွေမှ ကုန်သည်တဦးက ပြောသည်။

စစ်တွေ-ရန်ကုန်ကားလမ်း တလျှောက်၌ ကားပေါ်မှ လူဆင်းပြီး သွားရသော လမ်းပျက်များ အများအပြား ရှိနေကြောင်းနှင့် ပြန်လည်ပြီး ပြုပြင်ရမည့် နေရာများမှာလည်း ပိုမို များပြား လာနေကြာင်း သတင်းရရှိသည်။

No comments: